Thursday, November 1, 2007

အမေရိကန်အစိုးရက သပိတ်မှောက်လိုက်တဲ့ မြန်မာစစ်အစိုးရနဲ့ အပေါင်းအပါများ

Tuesday, October 23, 2007

မိုးမခ/အောက်တိုဘာ ၂၃၊ ၂၀၀၇
အောက်တိုဘာလ ၁၉ ရက်နေ့၌ စီးပွားရေးပိတ်ဆို့မှုအတွက် အမေရိကန်သမ္ထတ ဂျော့ဘုရှ် ထပ်မံဖြည့်စွက်လိုက်သည့် မြန်မာစစ်အစိုးရ အမည်စာရင်း။
၁။ အောင်သိန်းလင်း (မွေးနေ့ - ၁၉၅၂)၊ ဗိုလ်မှူးချုပ်၊ ရန်ကုန်မြို့တော်ဝင်။
၂။ စောလွင် (မွေးနေ့ - ၁၉၃၉)၊ ဗိုလ်ချုပ်၊ အမတြ် ၂ စက်မှုဝန်ကြီး။
၃။ ဇော်မင်း (မွေးနေ့ - ဇန်န၀ါရီ ၁၀၊ ၁၉၄၉)၊ ဗိုလ်မှူးကြီး၊ အမတြ် ၁ လျှပ်စစ်စွမ်းအင်ဝန်ကြီး။
၎။ ဒေါက်တာ ကျော်မြင့် (ခ) ကျော်မြင့် (မွေးနေ့ - ၁၉၄၀)၊ ကျန်းမာရေးဝန်ကြီး။
၅။ ဒေါက်တာ ချမ်းငြိမ်း (ခ) ချမ်းငြိမ်း (မွေးနေ့ - ၁၉၄၄)၊ ပညာရေးဝန်ကြီး။
၆။ စိုးသာ (မွေးနေ့ - ၁၉၄၅)၊ နိုင်ငံတော်တည်ဆောက်ရေးနှင့် စီးပွားရေးဝန်ကြီး။
၇။ ဦးသောင်း (မွေးနေ့ - ဇူလိုင် ၆၊ ၁၉၃၇)၊ အလုပ်သမားဝန်ကြီး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး။
၈။ တင်နိုင်သိန်း (မွေးနေ့ - ၁၉၅၅)၊ ဗိုလ်မှူးချုပ်၊ ကုန်သွယ်ရေးဝန်ကြီး။
၉။ လှထွန်း (မွေးနေ့ - ဇူလိုင် ၁၁၊ ၁၉၅၁)၊ ဗိုလ်ချုပ်၊ ဘဏ္ဌာရေးနှင့်အကောက်ခွန်ဝန်ကြီး။
၁၀။ စောထွန်း (မွေးနေ့ - မေ ၈၊ ၁၉၃၅)၊ ဗိုလ်ချုပ်၊ ဆောက်လုပ်ရေးဝန်ကြီး။
၁၁။ သိန်းဇော် (မွေးနေ့ - အောက်တိုဘာ ၂၀၊ ၁၉၅၁)၊ ဗိုလ်မှူးချုပ၊် စာတိုက်နှင့်ဆက်သွယ်ရေးဝန်ကြီး။

စစ်အစိုးရအား ထောက်ပံ့ကူညီသူ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ကုမ္ပဏီများ စာရင်း။

၁။ ဦးဌေးမြင့် (ခ) ဌေးမြင့် (မွေးနေ့ - ဖေဖော်ဝါရီ ၆၊ ၁၉၅၅)၊ ယုဇန ကုမ္ပဏီလီမိတက်။
၂။ ဒေါက်တာ ခင်ရွှေ (ခ) ခင်ရွှေ (မွေးနေ့ - ဇန်န၀ါရီ ၂၁၊ ၁၉၅၂)၊ ဇေကမ္တာ ကုမ္ပဏီလီမိတက်။
၃။ ပြေဖြိုးတေဇ (မွေးနေ့ - ဇန်န၀ါရီ ၂၉၊ ၁၉၈ရ)။ တေဇ၏ သား။ 6 Cairnhill Circle, Number 18-07, Cairnhill Crest 229813, Singapore
၎။ ဦးတေဇ (ခ) တေဇ (မွေးနေ့ - ဇူလိုင် 18/ 1967)/ 6 Cairnhill Circle, Number 18-07, Cairnhill Crest 229813, Singapore မန်နေဂျင်း ဒါရိုက်တာ - အဲယားပုဂံ၊ ထူးထရိတ်ဒင်း၊ ပါဗို ထရိတ်ဒင်း လီမိတက်။
၅။ ဒေါ်သီတာဇော် (ခ) သီတာဇော် (မွေးနေ့ - ဖေဖော်ဝါရီ ၂၄၊ ၁၉၆၂)၊ ဦးတေဇ၏ ဇနီး။ 6 Cairnhill Circle, Number 18-07, Cairnhill Crest 229813, Singapore
၆။ အဲယားပုဂံ ဟိုးဒင်းလီမိတက် (ခ) အဲယားပုဂံ။
၇။ အဲယားပုဂံ လီမိတက်။
၈။ ထူးထရိတ်ဒင်း ကုမ္ပဏီလီမိတက် (ခ) ထူးထရိတ်ဒင်း ဂရုလီမိတက်။
၉။ ထူးသစ်လုပ်ငန်းနှင့် ထူးပရိဘောကလုပ်ငန်း ဆိုင်ရာ ကုမ္ပဏီများ။
၁၀။ ပါဗိုထရိတ်ဒင်း လီမိတက်။
၁၁။ ယုဇန ကုမ္ပဏီလီမိတက်။
၁၂။ ဇေကမ္တာ ကုမ္ပဏီလီမိတက်။

မတ်ြချက်။ ။ အမေရိကန်နိုင်ငံ ဘဏ္ဌာရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက်မှ တဆင့် ကူးယူဖော်ပြထားပါသည်။
http://www.treasury.gov/offices/enforcement/ofac/actions/20071019.shtml
http://www.treasury.gov/offices/enforcement/ofac/actions/20071019a.shtml

Read More...

[2560-220071023l6+copy.gif]

Read More...

Read More...

လူ့အခွင့်အရေးချိုးဖောက်မှု စုံစမ်းရန် ပါမောက္ခ ပီညဲရိုး မြန်မာနိုင်ငံလာခွင့်ရ


ခေတ်ပြိုင်- ပီတာအောင်/ ၂၃ အောက်တိုဘာ ၂၀၀၇

မြန်မာနိုင်ငံ၌ လတ်တလောဖြစ်ပျက်နေသည့် လူ့အခွင့် အရေးအခြေနေများကို လေ့လာအကဲဖြတ်ရန်အတွက် မစ္စတာ ပေါ်လိုဆာဂျီယို ပီညဲရိုးအား မြန်မာနိုင်ငံသို့ လာခွင့်ပေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ယခုလ (၂) ရက်နေ့၌ မေတ္တာရပ်ခံပြီးနောက် ယခုကဲ့သို့ လာရောက်ခွင့်ရရှိခြင်းဖြစ်သည်။

မစ္စတာပီညဲရိုးကို လာရောက်ခွင့်ပြုကြောင်း သဘောတူ သည့်စာကို နအဖ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ ပြီးခဲ့သည့် သောကြာနေ့က ပေးပို့ခဲ့ခြင်းဖြစ်ပြီး လာမည့် နိုဝင်ဘာ(၁၇) ရက်၌ ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးပွဲမတိုင်မီလာရောက်ရန် ဦးဥာဏ်ဝင်းက အကြံပြုထားသည်ဟု ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ မီရှဲလ်မွန်တပ်စ်က ကုလသမဂ္ဂသတင်းထုတ်ပြန်ချက်၌ ပြောသည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေနှင့် ပတ်သက်သည့် အချက်အလက်များကို ရှာဖွေစုံစမ်း၍ ကုလသမဂ္ဂ၌ အစီရင်ခံရသူ မစ္စတာ ပီညဲရိုးသည် ၂၀၀၃ ခု နိုဝင်ဘာလက မြန်မာနိုင်ငံသို့ နောက်ဆုံးအကြိမ်သွားရောက်ခဲ့သည်။ ထိုခရီးစဉ်အပြီး နအဖစစ်အစိုးရက ထပ်မံဝင်ခွင့်မပေးတော့ဘဲထားခဲ့သည်။

နအဖစစ်အစိုးရက မစ္စတာပီညဲရိုးအား မြန်မာနိုင်ငံ ၀င်ခွင့်ပေးလိုက်ခြင်းအပေါ် သံသယ ဖြင့်ကြိုဆိုကြောင်း လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ) ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။

၎င်းက “အခုလိုမျိုးအချိန်မှ ခွင့်ပြုလိုက်တာဟာ သူတို့ဘက်မှာ အရင်တုန်းက ဖြစ်ပျက်ခဲ့ တဲ့အဖြစ်အပျက်တွေ သဲလွန်စတွေကို ဖျက်ဆီးပြီးတဲ့အနေအထားမျိုးရောက်မှ ခွင့်ပြုတာလား၊ ဒါမှမဟုတ်ရင် သူ့ကိုပို့နိုင်တဲ့ သတင်းတွေ မရရှိနိုင်အောင် အကုန်လုံးကို လက်စဖျောက်ပြီးမှ ခွင့်ပြုတာလားဆိုတာ သံသယရှိစရာဖြစ်တယ်။ အခုအချိန် နောက်ကျသွားတဲ့အတွက် ပီညဲရိုးရဲ့အဖြစ်မှန် စုံစမ်းဖို့လုပ်ငန်းဟာ အဟန့်အတားတွေဖြစ်နိုင်တယ်။ အခက်အခဲတွေ အများကြီးရှိနိုင်တယ်” ဟု ပြောသည်။

လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပွားခဲ့သည့် နေရာများသို့သွားရောက်ပြီး ကိုယ်တွေ့ကြုံသူများနှင့် လွတ်လပ်စွာတွေ့ဆုံ၍ သဲလွန်စရှာခြင်း၊ အင်းစိန်ထောင်နှင့် စစ်ကြောရေးစခန်းများရှိ အဖမ်းအဆီးခံနေရသူများနှင့် တွေ့ဆုံခြင်းတို့ ပြုလုပ်နိုင်ပါက မစ္စတာပီညဲရိုး၏ ခရီး စဉ်အကျိုးရှိမည်ဖြစ်ပြီး နအဖ ပို့ဆောင်သည့် နေရာများသို့ သွားရောက်ပြီး ပြောသမျှ နားထောင်၍ ပြန်သွားမည်ဆိုပါက ထူးခြားမှုရှိမည်မဟုတ်ဘဲ စစ်အစိုးရ၏ နိုင်ငံရေး အမြတ်ထုတ်မှုသက်သက်သာဖြစ်သွားမည်ဟု ဦးအောင်မျိုးမင်းက ပြောသည်။

မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး ပြဿနာအဖြေရှာရန်အတွက် မြန်မာ့ အိမ်နီးချင်းနိုင်ငံများဆီ ခရီးလှည့်နေသည့် ကုသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟမ် ဂမ်ဘာရီသည်လည်း ရှေ့လ၌ မြန်မာနိုင်ငံသွားရောက်ရန်ရှိသည်။

Read More...

ရန်ကုန်တွင် ညမထွက်ရအမိန့် ရုတ်သိမ်း

Saturday, October 20, 2007
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ယနေ့ညနေပိုင်းအချိန်က ရယက၊ မယက များဦးဆောင်၍ ကားများပေါ်မှ အသံချဲ့စက်ဖြင့် ညမထွက်ရ အုပ်ချုပ်ရေးအား ပြန်လည် ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း လိုက်လံကြေညာသည်။ လိုက်လံကြေညာသည့် ရန်ကုန်မြို့တွင်း မြို့နယ်များမှာ ဗိုလ်တထောင်မြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ပန်းပဲတန်း မြို့နယ် များတွင်ဖြစ်ပြီး အခြားမြို့နယ်များတွင်လည်း ဤသို့ကားများဖြင့် ရယကများမှ လိုက်လံ ကြေညာကြောင်းသိရပြီး နယ်မြို့များတွင်မူ ညမထွက်ရအမိန့်အား ရုတ်သိမ်းခြင်း၊ မရုတ် သေးခြင်းမသိရသေးချေ ။

Read More...