Sunday, October 28, 2007

လူသတ် မိစ္ဆာများ ကျဆုံးပါစေ....

Read More...

Read More...

Read More...

Read More...

Monday, October 8, 2007

Read More...

ရန်ကုန်မြို့လယ်ခေါင် ဘုန်းကြီးကျောင်းတွေမှာ သက်ကြီးရွယ်အို သံဃာတော်ကြီးတွေနဲ့ ကိုရင်ငယ်တွေကိုသာ အများစုတွေ့ရပြီး အရွယ်လတ်သံဃာတွေမှာ နအဖက အတုထည့်ထားတဲ့

Read More...

အပြစ်မဲ့အရပ်သားတွေကို ပစ်ခတ်နှိမ်နင်းဖို့ ငြင်းဆန်ခဲ့သူ ဗိုလ်မှူးဌေးဝင်းနဲ့ သားဖြစ် သူ ကောင်းထက် လွတ်မြောက်နယ်မြေကို ရောက်ရှိ။ နော်ဝေနိုင်ငံမှာ နိုင်င

ဓာတ်ပုံ-MICHAEL TÖPFFER

Read More...

ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို

Read More...

Friday, October 5, 2007

သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ပါ့မယ်
ဒါပေမယ့် ကြိုတင်စည်းမျဉ်းစည်းကမ်းလေးတော့ ထားပေးပါတဲ့
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး တာဝန်ခံကိုလည်း
ရှင်းပြစရာလေးတွေရှိလို့ နေပြည်တော်ကို ခဏလောက်ကြွပေးပါခင်ဗျာတဲ့

Read More...

Friday, October 5, 2007

Read More...

ဆေးရုံမှာရောက်လာကြတဲ့ ဒဏ်ရာပြင်းထန်စွာရသူ ရဟန်းရှင်လူပြည်သူများ။



Read More...

ဝတ်ပြုဆုတောင်းပွဲများကျင်းပ၍ လှုပ်ရှားမှုများ ပြန်လည်စတင်ရန် သံဃာတော်များနှင့် ကျောင်းသားများ စုပေါင်းကြေညာ

NEJ/ ၃ အောက်တိုဘာ ၂၀၀၇

စစ်အာရှင်များ၏ အကြမ်းဖက်မှုကြောင့် သာသနာတော်ထွန်းကားရေးနှင့် တမျိုးသားလုံး လွတ်မြောက်ရေးအတွက် အသက်ပေးလှူသွားကြသည့် ရဟန်းသံဃာတော်များနှင့် ကျောင်းသားများ အတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ် ၀တ်ပြု ဆုတောင်းပွဲများကို တနိုင်ငံလုံး ကျင်းပသွားမည်ဟု လူထုလှုပ်ရှားမှု ကြီးကြပ်ရေးကော်မတီမှ ယနေ့ကြေညာချက် ထုတ်ပြန်သည်။

လူမျိုးအသီးသီးမှ သက်ဆိုင်ရာဘာသာများအလိုက် တန်ခိုးကြီးဘုရားများ၊ ဘုရားရှိခိုးကျောင်းများ၊ ဗလီကျောင်းများ၊ ဘုံကျောင်းများတွင် အောက်တိုဘာ (၅) ရက်မှ (၇) ရက်အထိ (၃) ရက်တိတိ ဖယောင်းတိုင်များ ထွန်းညှိပူဇော်၍ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ဆုတောင်းသစ္စာပြုခြင်းများ ပြုလုပ်သွားမည်ဟု သိရသည်။

အဆိုပါနေ့များမှစ၍ နေအိမ်ရှိ ဘုရားကျောင်းဆောင်များတွင် သာသနာ့အလံတော်များ စိုက်ထူရန်လည်း ကြေညာချက်တွင် နှိုးဆော်ထားသည်။

၈၈ မျိုးဆက်ကျောင်းသားတဦးဖြစ်သည့် ကိုစိုးထွန်းက “ကျဆုံးခဲ့တဲ့ ရဟန်းရှင်လူ အာဇာနည် အပေါင်းအတွက် ကျနော်တို့ဟာ ဒီလိုဝတ်ပြုဆုတောင်းပွဲတွေကို နိုင်ငံတ၀န်းလုံးမှာရှိတဲ့ ဒေသ အလိုက် ဘုရားတွေမှာ ဖယောင်းတိုင် ထွန်းညှိပူဇော်ပြီး မေတ္တာပို့ဆုတောင်းကြဖို့ လိုပါတယ်။ သက်ဆိုင်ရာလူမျိုးအသီးသီးကလည်း ဘာသာအသီးသီးအလိုက် ၀ိုင်းဝန်း ဆုတောင်ပေးကြဖို့ ပန်ကြားလိုပါတယ်” ဟု ပြောသည်။

မင်းဆိုးမင်းညစ်အောက်မှ အမြန်လွတ်မြောက်၍ တိုင်းပြည်ငြိမ်းချမ်းသာယာပါစေကြောင်း၊ မတရားဖမ်းဆီးချုပ်နှောင် နှိပ်စက်ညှဉ်းပန်းခံနေရသော သံဃာတော်များ၊ ကျောင်းသားလူငယ် များနှင့် ပြည်သူများ အမြန်ဆုံး ပြန်လည် လွတ်မြောက်ပါစေကြောင်းနှင့် လွတ်မြောက်ရေး၊ တရားမျှတရေး၊ ဒီမိုကရေစီရေးတို့အတွက် သွေးစည်းညီညွတ်စွာဖြင့် စစ်အာဏာရှင်စနစ်ကို အပြီးအပိုင် ဖယ်ရှားသွားမည်ဖြစ်ကြောင်း လေးလေးနက်နက်ဆုတောင်း သစ္စာပြုသွားကြမည်ဟု ကြေညာချက်တွင် ပါရှိသည်။

တိုင်းရင်းသားလူငယ်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ ပြောခွင့်ရသူ ကိုတင်ထူးအောင်က “ကျနော်တို့အနေနဲ့ ဘာသာရေးဆိုင်ရာအဆောက်အဦတွေမှာ လူစုလူဝေးလုပ်ခွင့်မရရင် အိမ်တွေမှာ အတတ်နိုင်ဆုံးလုပ်မယ်ဗျာ။ တဦးချင်းအနေနဲ့သော်လည်းကောင်း၊ အစုအဖွဲ့အနေနဲ့ သော်လည်းကောင်း ရအောင်လုပ်သွားဖို့ ကြေညာချက်ကို ထုတ်ပြန်တာပါ” ဟုပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း လှုပ်ရှားမှုများ ယာယီအားဖြင့် ငြိမ်သက်သွားသောကြောင့် ယခု ကြေညာချက်ကို လှုပ်ရှားမှုများ ပြန်လည်စတင်ရန် ရည်ရွယ်၍ ထုတ်လိုက်ခြင်းဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုလှမျိုးနောင်က ပြောသည်။

“အခု ကျနော်တို့လှုပ်ရှားနေတာဟာ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပစ်ဖို့အတွက် လှုပ်ရှားနေတာ ဖြစ်တယ်။ အခုလှုပ်ရှားမှုတွေကနေ စပြီးတော့ ကျနော်တို့ လူထုအုံကြွမှုကြီးတခုဆီကို ဦးတည်ပြီးသွားမယ်။ လှုပ်ရှားမှုတွေ ဆက်တိုက် ပြုလုပ်သွားမယ်” ဟု ၎င်းက ပြောသည်။

ပြည်သူများ၏ ဒုက္ခဆင်းရဲအတွက် သံဃာတော်များက ရှေ့မှရပ်တည်ပြောဆိုလှုပ်ရှားနေခြင်း ဖြစ်သည့်အတွက် ပြည်သူများက ပူးပေါင်းပါဝင်ကြစေလိုကြောင်းလည်း ကိုလှမျိုးနောင်က တိုက်တွန်းသည်။

“လူထုအများစုအနေနဲ့ သဘောပေါက်ဖို့က စစ်တပ်ကလိုက်လံဖမ်းဆီး ရိုက်နှက်ပစ်ခတ်နေတာ တွေကို အန္တရာယ်လို့ယူဆရင် ဒီစစ်အာဏာရှင်စနစ်ကို ဆက်ပြီး သက်ဆိုးရှည်ခွင့်ပေးလိုက်တာ ပိုပြီးအန္တရာယ်ကြီးလိမ့်မယ်” ဟု ၎င်းကပြောသည်။

လူထုလှုပ်ရှားမှုကြီးကြပ်ရေးကော်မတီကို စက်တင်ဘာ (၂၇) တွင် ဖွဲ့စည်းခဲ့သည်။

ယင်းကော်မတီတွင် ရဟန်းသံဃာများ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ တိုင်းရင်းသားလူငယ်များ၊ ကဗျာဆရာများ၊ တေးရေးဆရာများ၊ ရှေ့နေများနှင့် ၈၈ မျိုးဆက်သစ် သတင်းစာဆရာများက ပါဝင်ဖွဲ့စည်းခြင်းဖြစ်သည်။

Read More...

စက်တင်ဘာသပိတ်တိုက်ပွဲအတွင်း ကျဆုံးသွားသူများအတွက် လွမ်းသူပန်းစည်းများချ

Thursday, October 4, 2007
NEJ-ပီတာအောင်/ ၄ အောက်တိုဘာ ၂၀၀၇

နအဖစစ်တပ်၏ပစ်ခတ်သတ်ဖြတ်မှုကြောင့် သပိတ်တိုက်ပွဲအတွင်း ကျဆုံးသွားသည့် ရဟန်းရှင်လူ များအတွက် ရည်စူး၍ ရန်ကုန်မြို့လူစည်ကားရာနေရာ (၄) ခု၌ ၈၈မျိုးဆက်ကျောင်းသားများနှင့် မျိုးဆက်သစ်ကျောင်းသားများက ယနေ့နေ့လယ်က လွမ်းသူပန်းစည်းများ ချခဲ့ကြောင်းသိရသည်။

ဗိုလ်ချုပ်ဈေး၊ တာမွေဈေးရှေ့ ကားမှတ်တိုင်၊ ယုဇနပလာဇာနှင့် ယောခ်လမ်းရှိ ရိုင်ရယ်ပတ်ဗျူး ဟိုတယ်ရှေ့တို့၌ ပန်းစည်းများ သွားရောက်ချခြင်းဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသူတဦးက ပြောသည်။

၎င်းက “ပန်းစည်းတွေချတယ်၊ စာလည်းပါပါတယ်။ ကျဆုံးသွားသော ရဟန်းအာဇာနည်များ၊
ပြည်သူ့အာဇာနည်များ၊ ကျောင်းသားအာဇာနည်များအတွက် ၈၈ မျိုးဆက်ကျောင်းသားများ၏ လွမ်းသူ့ပန်းစည်းဆိုပြီး ရေးထားတယ်၊ စစ်အာဏာရှင်စနစ်ကျဆုံးရမည် ဆိုတာကိုလည်း ကျမတို့ရေးထားတယ်၊ အ၀ါရောင်စာရွက်ပေါ်မှာ ရေးထားတယ်” ဟု ပြောသည်။

ယမန်နေ့ကလည်း ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် မြေပဒေသာကျွန်းအနီး၌ ပန်းစည်းများ
သွားရောက်ချခဲ့ကြောင်း သိရသည်။

သံဃာတော်များနှင့်လူထု၏ တောင်းဆိုချက်များ မရမချင်း ရဟန်းရှင်လူအားလုံးပါဝင်သည့် လူထုလှုပ်ရှားမှုကြီး ပေါ်ပေါက်လာစေရန် ဆက်လက်အရှိန်မြှင့် လုပ်ဆောင်သွားမည်ဟု ၈၈ မျိုးဆက်ကျောင်းသားများ ကပြောသည်။

ယခင်လသပိတ်တိုက်ပွဲအတွင်း ရဟန်းရှင်လူရာနှင့်ချီ၍ သေဆုံးဖွယ်ရှိကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူများက ခန့်မှန်းထားပြီး နအဖစစ်အစိုးရက (၁၀) ဦးသေဆုံးကြောင်း
တရားဝင် သတင်းထုတ်ပြန်ထားသည်။

Read More...

ပခုက္ကူတွင် အင်န်အယ်ဒီပါတီဝင်နှင့် ပြည်သူများကို ဆက်လက်ဖမ်းဆီးခဲ့

ရိုးမ ၃။ အောက်တိုဘာ ၅၊ ၂၀၀၇

စစ်အစိုးရက ဆန္ဒပြမှုဖြစ်ပေါ်ခဲ့သည့် နေရာဒေသများမှ နိုင်ငံရေးပါတီဝင်များနှင့် တက်ကြွစွာ လှုပ်ရှားသူများကို ဖမ်းဆီးခဲ့ရာ မကွေးတိုင်း၊ ပခုက္ကူမြို့တွင်လည်း ယခုရက်ပိုင်းအတွင်း ဖမ်းဆီး ခဲ့သည်။

သံဃာတော်များ ငြိမ်းချမ်းစွာ လမ်းလျှောက်ကြွချီရာတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သူများ ကို ညအချိန်တွင် လိုက်လံဖမ်းဆီးနေခြင်းဖြစ်သည်။

ယင်းကဲ့သို့ ဖမ်းဆီးရာတွင် အင်န်အယ်ဒီပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်အေး အပါအ၀င် ပြည်သူ ၄၀ ကျော်ခန့်အား ယခုလ (၃) ရက်နှင့် ယနေ့ (၄) ရက်နေ့အတွင်း နေအိမ် များမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

“(၃) ရက်နေ့မနက် (၁) နာရီလောက်က (ရယက)ဥက္ကဋ္ဌ ပါတယ်၊ မြို့နယ်မှူးပါတယ်၊ အရပ်ဝတ် နဲ့ လေးယောက်ပါတယ်၊ ထုံးစံအတိုင်း ခေါ်နေကြဆိုတော့၊ ဆိုင်ကယ်တွေနဲ့ လေးယောက်လာ တယ်။ ခုလဲ ရပ်ကွက်တွေထဲမှာ လိုက်ဖမ်းနေတာပဲ၊ ခုမနက်က နှစ်ယောက်ဆွဲတယ်၊ ဘယ်သူ တွေဆိုတာ မသိရဘူး၊ လုံခြုံရေးက တင်းကြပ်တာတော့မရှိဘူး၊ ညဘက်တွေမှာ လိုက်ဆွဲတယ်” ဟု ဦးလှိုင်အေးနှင့် နီးစပ်သူတဦးက ဆိုသည်။

နိုင်ငံရေးပါတီများမှ ၁၀ ဦးနှင့် သာမာန်ပြည်သူ ၄၀ ဦးခန့်ကို ယခုရက်ပိုင်းအတွင်း ဖမ်းဆီးနေပြီး သံဃာတော်များ ဆန္ဒဖော်ထုတ်ရာတွင် ရေသန့်ဗူးများ လှူဒါန်းဆက်ကပ်သူများကို ဓါတ်ပုံ အထောက်အထားများဖြင့် ဖမ်းဆီးနေခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

“ဖမ်းသွားတဲ့အထဲမှာ ဈေးထဲမှာရွှေရောင်းတဲ့ ဦးဘရှင်၊ ဦးဘရှင်သား ကျော်ဌေး၊ ဦးဘရှင် သမက် ကိုမျိုးတင့်၊ သူတို့က ပေါက်လမ်း အမှတ် (၇) ရပ်ကွက်မှာ နေတယ်၊ နောက် ခိုင်ကမ္ဘာက ကိုပြုံးချိုဆိုတာ ဦးဘရှင်ရဲ့သားပဲ၊ ဆန္ဒပြတုန်းက သိနိုင်တဲ့ဟာမျိုးတွေကို လိုက်ဆွဲနေတာ၊ သံဃာတွေဆန္ဒပြတုန်းက ရေသန့်ဗူးကပ်တဲ့လူတွေလည်း ပါတယ်၊ အနည်းဆုံး ၅၀ လောက် ရှိမယ်၊ ခုထိဖမ်းနေတာ”ဟု မြို့ခံတဦးကဆိုသည်။

လက်ရှိတွင်ပခုက္ကူစာသင်တိုက်များမှ သံဃာများလည်း နေရပ်သို့ ပြန်လည်ကြွနေပြီး ပခုက္ကူမြို့ ကျောင်းများသို့ တပ်မ (၁၀၁) မှ တာဝန်ရှိသူများ လာရောက်၍ ဆန္ဒပြမှုမပြုလုပ်ရန် တားမြစ် နေသည်ဟု သံဃာတပါးက မိန့်သည်။

“နယ်ပြန်တဲ့သံဃာတွေကို ရောက်တာနဲ့ ကျောင်းတိုက်တွေကို ဖုန်းဆက်ဖို့မှာထားတယ်၊ ခုထိ တော့ သံဃာတွေ အေးအေးဆေးပဲ နေရပ်တွေကို ရောက်ပါတယ်၊ အဖမ်းခံရတဲ့သတင်းတော့ မရသေးဘူး”ဟု ပခုက္ကူစာသင်တိုက်မှ သံဃာတပါးက မိန့်သည်။

ယမန်နေ့ ညနေ (၃) နာရီခန့်ကလည်း အင်န်အယ်ဒီရုံးချုပ်မှ အထွက်တွင် ကမာရွတ်မြို့နယ် စည်းအဖွဲ့ဝင် ကိုခင်မောင်ထွန်းအား ဖမ်းဆီးလိုက်ပြီး ပခုက္ကူမြို့တွင်လည်း ယမန်နေ့ည (၁၁) နာရီခွဲတွင် ပခုက္ကူမြို့နယ် မြို့နယ်စည်းအဖွဲ့ဝင် ကိုဌေးဝင်းကို ဖမ်းဆီးခဲ့သည်။

“ည (၁၁) နာရီခွဲက ကမ္မရဲစခန်းမှူး လှိုင်အေးနဲ့အဖွဲ့က လာဖမ်းသွားတာ၊ ကိုဌေးဝင်းက ပခုက္ကူမြို့ပေါ်မှာ နေတာမဟုတ်ဘူး၊ ကမ္မကျေးရွာမှာနေတာ။ ဖမ်းထားတဲ့လူ အယောက် (၅၀) ကို မြင်းခြံထောင်ကို ပို့လိုက်တယ်၊ မြင်းခြံထောင်မှာရှိနေတယ်လို့ ကြားတယ်” ဟု ပခုက္ကူမြို့ခံ တဦးက ဆိုသည်။

Read More...

Wednesday, October 3, 2007

ဖင်လန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် ဖင်လန်နိုင်ငံသားများ ပူပေါင်း ဆုတောင်းပွဲ

အောက်တိုဘာ ၃ ရက် ၂၀၀၇

ဖင်လန်နိုင်ငံရောက်မြန်မာနိုင်ငံသားများ စုပေါင်း၍ အောက်တိုဘာ ၂ ရက် ၂၀၀၇ နေ့တွင် ဖန်လန်နိုင်ငံမြို့တော် Helsinki တွင် မြန်မာစစ်အစိုးရအား ရှုတ်ချပွဲ ကို ကျင်းပခဲကြသည်။ နေလည်၁၂ နာရီ ကျော်တွင် ဖင်လန်နိုင်ငံရှိ တရုတ်သံရုံး နှင့် ရုရှား သံရုံး တိုကို သွားရောကှ်ု ဆန္ဒပြ ပြီး မြန်မာနိုင်ငံသားများ၏ သဘောထား ထုတ်ပြန်ချက်ကို စာရေးသားပေးခဲသည်။

ညနေပိုင်း ၆ နာရီတွင် ဖင်လန်နိုင်ငံ၏ လွှတ်တော်ရှေ တွင် ဖင်လန်နိုင်ငံသားများနှင့် ပူပေါင်းပြီး ဖယောင်းတိုင် ထွန်းပြီး ဆုတောင်းပွဲ ပြုလုပ်သည်။ ထိုဆုတောင်းပွဲကို ဖင်လန်နိုင်ငံ၏ ပါတီခေါင်းဆောင်များ လာရောက် မိန့် ခွန်း ပြောကြားကြသည်။

ထိုဆုတောင်းပွဲကို ဖင်လန်နိုင်ငံရောက်မြန်မာနိုင်ငံသား ၂၀၀ ကျော် နှင့် ဖင်လန်နိုင်ငံသား ၄၀၀ ကျော် ပူပေါင်း ပြီးကျင်းပခဲသည်။ ဖင်လန်အစိုးရ၏ မြန်မာပြည်သူများအပေါ် သဘောထားများနှင့် ဥရောပ နိုင်ငံများကိုလည်း မြန်မားပြည်သူများ အပေါ် ပိုမိုအကူအညီများ ပေးရန်နှင့် စစ်အစိုးရအား ပိုမို ထိရောက်အောင် ပိတ်ဆို အရေးယူမူများ ပြုလုပ်ရန် တောင်းဆိုခဲ့သည်။

ည ၁၀ နာရီ တွင် အခမ်အနားကို အောင်မြင်စွာ ရုတ်သိမ်းလိုက်ကြောင်း သိရှိရသည်။

Read More...

ဝတ်ပြုဆုတောင်းပွဲများကျင်းပ၍ လှုပ်ရှားမှုများ ပြန်လည်စတင်ရန် သံဃာတော်များနှင့် ကျောင်းသားများ စုပေါင်းကြေညာ

Wednesday, October 3, 2007

NEJ/ ၃ အောက်တိုဘာ ၂၀၀၇

စစ်အာရှင်များ၏ အကြမ်းဖက်မှုကြောင့် သာသနာတော်ထွန်းကားရေးနှင့် တမျိုးသားလုံး လွတ်မြောက်ရေးအတွက် အသက်ပေးလှူသွားကြသည့် ရဟန်းသံဃာတော်များနှင့် ကျောင်းသားများ အတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ် ၀တ်ပြု ဆုတောင်းပွဲများကို တနိုင်ငံလုံး ကျင်းပသွားမည်ဟု လူထုလှုပ်ရှားမှု ကြီးကြပ်ရေးကော်မတီမှ ယနေ့ကြေညာချက် ထုတ်ပြန်သည်။

လူမျိုးအသီးသီးမှ သက်ဆိုင်ရာဘာသာများအလိုက် တန်ခိုးကြီးဘုရားများ၊ ဘုရားရှိခိုးကျောင်းများ၊ ဗလီကျောင်းများ၊ ဘုံကျောင်းများတွင် အောက်တိုဘာ (၅) ရက်မှ (၇) ရက်အထိ (၃) ရက်တိတိ ဖယောင်းတိုင်များ ထွန်းညှိပူဇော်၍ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ဆုတောင်းသစ္စာပြုခြင်းများ ပြုလုပ်သွားမည်ဟု သိရသည်။

အဆိုပါနေ့များမှစ၍ နေအိမ်ရှိ ဘုရားကျောင်းဆောင်များတွင် သာသနာ့အလံတော်များ စိုက်ထူရန်လည်း ကြေညာချက်တွင် နှိုးဆော်ထားသည်။

၈၈ မျိုးဆက်ကျောင်းသားတဦးဖြစ်သည့် ကိုစိုးထွန်းက “ကျဆုံးခဲ့တဲ့ ရဟန်းရှင်လူ အာဇာနည် အပေါင်းအတွက် ကျနော်တို့ဟာ ဒီလိုဝတ်ပြုဆုတောင်းပွဲတွေကို နိုင်ငံတ၀န်းလုံးမှာရှိတဲ့ ဒေသ အလိုက် ဘုရားတွေမှာ ဖယောင်းတိုင် ထွန်းညှိပူဇော်ပြီး မေတ္တာပို့ဆုတောင်းကြဖို့ လိုပါတယ်။ သက်ဆိုင်ရာလူမျိုးအသီးသီးကလည်း ဘာသာအသီးသီးအလိုက် ၀ိုင်းဝန်း ဆုတောင်ပေးကြဖို့ ပန်ကြားလိုပါတယ်” ဟု ပြောသည်။

မင်းဆိုးမင်းညစ်အောက်မှ အမြန်လွတ်မြောက်၍ တိုင်းပြည်ငြိမ်းချမ်းသာယာပါစေကြောင်း၊ မတရားဖမ်းဆီးချုပ်နှောင် နှိပ်စက်ညှဉ်းပန်းခံနေရသော သံဃာတော်များ၊ ကျောင်းသားလူငယ် များနှင့် ပြည်သူများ အမြန်ဆုံး ပြန်လည် လွတ်မြောက်ပါစေကြောင်းနှင့် လွတ်မြောက်ရေး၊ တရားမျှတရေး၊ ဒီမိုကရေစီရေးတို့အတွက် သွေးစည်းညီညွတ်စွာဖြင့် စစ်အာဏာရှင်စနစ်ကို အပြီးအပိုင် ဖယ်ရှားသွားမည်ဖြစ်ကြောင်း လေးလေးနက်နက်ဆုတောင်း သစ္စာပြုသွားကြမည်ဟု ကြေညာချက်တွင် ပါရှိသည်။

တိုင်းရင်းသားလူငယ်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ ပြောခွင့်ရသူ ကိုတင်ထူးအောင်က “ကျနော်တို့အနေနဲ့ ဘာသာရေးဆိုင်ရာအဆောက်အဦတွေမှာ လူစုလူဝေးလုပ်ခွင့်မရရင် အိမ်တွေမှာ အတတ်နိုင်ဆုံးလုပ်မယ်ဗျာ။ တဦးချင်းအနေနဲ့သော်လည်းကောင်း၊ အစုအဖွဲ့အနေနဲ့ သော်လည်းကောင်း ရအောင်လုပ်သွားဖို့ ကြေညာချက်ကို ထုတ်ပြန်တာပါ” ဟုပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း လှုပ်ရှားမှုများ ယာယီအားဖြင့် ငြိမ်သက်သွားသောကြောင့် ယခု ကြေညာချက်ကို လှုပ်ရှားမှုများ ပြန်လည်စတင်ရန် ရည်ရွယ်၍ ထုတ်လိုက်ခြင်းဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုလှမျိုးနောင်က ပြောသည်။

“အခု ကျနော်တို့လှုပ်ရှားနေတာဟာ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပစ်ဖို့အတွက် လှုပ်ရှားနေတာ ဖြစ်တယ်။ အခုလှုပ်ရှားမှုတွေကနေ စပြီးတော့ ကျနော်တို့ လူထုအုံကြွမှုကြီးတခုဆီကို ဦးတည်ပြီးသွားမယ်။ လှုပ်ရှားမှုတွေ ဆက်တိုက် ပြုလုပ်သွားမယ်” ဟု ၎င်းက ပြောသည်။

ပြည်သူများ၏ ဒုက္ခဆင်းရဲအတွက် သံဃာတော်များက ရှေ့မှရပ်တည်ပြောဆိုလှုပ်ရှားနေခြင်း ဖြစ်သည့်အတွက် ပြည်သူများက ပူးပေါင်းပါဝင်ကြစေလိုကြောင်းလည်း ကိုလှမျိုးနောင်က တိုက်တွန်းသည်။

“လူထုအများစုအနေနဲ့ သဘောပေါက်ဖို့က စစ်တပ်ကလိုက်လံဖမ်းဆီး ရိုက်နှက်ပစ်ခတ်နေတာ တွေကို အန္တရာယ်လို့ယူဆရင် ဒီစစ်အာဏာရှင်စနစ်ကို ဆက်ပြီး သက်ဆိုးရှည်ခွင့်ပေးလိုက်တာ ပိုပြီးအန္တရာယ်ကြီးလိမ့်မယ်” ဟု ၎င်းကပြောသည်။

လူထုလှုပ်ရှားမှုကြီးကြပ်ရေးကော်မတီကို စက်တင်ဘာ (၂၇) တွင် ဖွဲ့စည်းခဲ့သည်။

ယင်းကော်မတီတွင် ရဟန်းသံဃာများ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ တိုင်းရင်းသားလူငယ်များ၊ ကဗျာဆရာများ၊ တေးရေးဆရာများ၊ ရှေ့နေများနှင့် ၈၈ မျိုးဆက်သစ် သတင်းစာဆရာများက ပါဝင်ဖွဲ့စည်းခြင်းဖြစ်သည်။

Read More...

အမေရိကန်နိုင်ငံ ၀ါရှင်တန် ဒီစီမြို့

Read More...

အောက်တိုဘာလ(၃ ရက် ၂၀၀၇)

ဂမ်ဘာရီ ဒီကနေ့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေနဲ့ `မြန်မာစံတော်ချိန်(၁၁)နာရီတွင် နေပြည်တော်မှာ(၁)နာရီကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ အဲဒီနောက် ဒေါ်အောင်ဆန်း စုကြည်နှင့် နောက်တစ်ကြိမ်(၁၅)မိနစ်ကြာ ထပ်မံတွေ့ဆုံ ခဲ့ပါသည်။ ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံခဲ့ပြီး လေဆိပ်ကို တန်းသွားကြောင်း သိရပါသည်။

နောက်ဆုံး သတင်းအရ အဖမ်းဆီးခံ ဆန္ဒပြသူ သံဃာတော်များနှင့် ပြည်သူ တွေကို ကချင်ပြည်နယ် ကဘော်ချိုင့်ဝှမ်းရှိ ဘ၀သစ်ရဲဘက် စခန်းကိုပို့ ဆောင်လိုက်ပြီဖြစ်ကြောင်း သိရပါသည်။

အင်းစိန် ဂျီတီအိုင် ကျောင်းဝင်းအတွင်း ဖမ်းဆီးခံထားရသော သံဃာတော်များနှင့် သီလရှင်များကို ဗိုလ်မှုး စိန်တင်ဝင်း အမိန့်ဖြင့် စွမ်းအား ရှင်တွေက အပြင်ထုတ်၍ နေ့စဉ်ရိုက်နှက် နှိပ်စက်နေကြောင်း သိရပါသည်။

Read More...

october,3,2007

myanmar's junta has released 80 monks
One of the freed monks says he and 79 brethren were returned to their Mingala Yama monastery in Yangon. The monk says they were held at a former government technical institute in northern Yangon's Insein district, and subjected to verbal - but not physical - abuse during interrogations

Read More...

Tuesday, October 2, 2007

Read More...

အောက်တိုဘာ(၂) ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာဂမ်ဘာရီ တွေ့ဆုံစဉ်

Read More...

အောက်တိုဘာ(၂) ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာဂမ်ဘာရီတွေ့ဆုံစဉ်

Read More...

စစ်ရေးမဟာမိတ်အဖွဲ့က စစ်ရေးလှုပ်ရှားမှု တိုးမြှင့်သွားမည်ဟု ပြော

သန်းထိုက်ဦး (မဇ္ဈိမသတင်းဌာန)
အောက်တိုဘာလ ၂ ရက်၊ ၂ဝဝ၇ ခုနှစ်။

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေရှ် နယ်စပ် ဒေသများတွင် နအဖ စစ်အစိုးရကို တိုက်ပွဲ ဝင်နေသော စစ်ရေး မဟာမိတ်အဖွဲ့ (Military Alliance - MA) ခေါ် တိုင်းရင်းသားများ လက်နက်ကိုင် အဖွဲ့ကြီးက စစ်ရေး လှုပ်ရှားမှုများ ဆက်လက် တိုးမြှင့် သွားမည်ဟု ပြောဆိုလိုက်သည်။

MA အဖွဲ့ဝင်များ ဖြစ်သည့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ ကချင် အမျိုးသား တပ်ဦး၊ ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော်၊ ကရင်နီ တိုးတက်ရေး ပါတီနှင့် ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) တို့ တက်ရောက်သော MA အစည်းအဝေး တရပ်အပြီး ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။ အဖွဲ့ဝင် တဖွဲ့ဖြစ်သည့် ချင်းအမျိုးသား တပ်ဦး အနေဖြင့် အစည်းအဝေးသို့ တက်ရောက်နိုင်ခြင်း မရှိခဲ့ဟု သိရသည်။

“ကျနော်တို့ စီမံချက် လုပ်ထားတဲ့ဟာက အကောင်အထည် မဖော်နိုင်ဘူး။ ဘာဖြစ်လဲ ဆိုတော့ လူစုစည်းတဲ့ အားက နည်းနည်း လျော့နေတယ်။ ဒါကြောင့် မြှင့်တင်ပြီးတော့ လုပ်သွားမယ် ဆိုတဲ့ဟာ ပါလာတာ။ အားနည်းတယ် ဆိုတာက ကျနော်တို့ သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းက နည်းနည်း လိုနေတယ်။ နယ်စပ်ချင်း ထိစပ်မှုရှိတဲ့ ကရင်နဲ့ ကရင်နီ ပူးတွဲ စစ်ဆင်ရေး၊ ကရင်နီနဲ့ ရှမ်း ပူးတွဲ စစ်ဆင်ရေး၊ နယ်စပ်ချင်း ထိစပ်နေတဲ့ အစုအဖွဲ့တွေ ပေါ့နော်၊ ပြီးတော့ ရခိုင်နဲ့ ချင်း ပူးတွဲ စစ်ဆင်ရေးတွေ လုပ်ဖို့ ချမှတ်ထားတယ်။ ဒါကို ပီပီပြင်ပြင် လက်တွေ့ အကောင်အထည် ဖော်နိုင်တဲ့ အနေအထားမျိုး မရှိခဲ့ဘူး။ ဒါကြောင့် ပြန်ပြီးတော့ စစ်ရေး လှုပ်ရှားမှုကို မြှင့်တင် လုပ်ဆောင်သွားမယ့်ဟာ ချလာတာ” ဟု MA ပြောရေး ဆိုခွင့်ရှိသူ စဝ်အွတ်က မဇ္ဈိမကို ပြောသည်။

ယမန်နေ့က ထုတ်ပြန်လိုက်သည့် MA ၏ ကျေညာချက်ထဲတွင် ရဟန်းရှင်လူ ပြည်သူလူထုနှင့် ကျောင်းသားများ ဆန္ဒပြနေခြင်းကို အပြည့်အဝ ထောက်ခံပြီး ရဟန်းရှင်လူ ပြည်သူလူထုနှင့် ကျောင်းသားများ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းကို တိုက်ခိုက် သတ်ဖြတ်သော SPDC ကို အပြင်းအထန် ရှုတ်ချကြောင်းနှင့် သံဃာများနှင့် ကျောင်းသားများကို ကာကွယ်သွားမည် ဖြစ်သလို နအဖ စစ်အုပ်စုကို UN နှင့် ASIAN အဖွဲ့ဝင် အဖြစ်မှ ထုတ်ပစ်ရန် တောင်းဆိုလိုက်ကာ ပြည်သူလူထုများနှင့် လက်တွဲ ပူးပေါင်းပြီး ဒီမိုကရေစီကို အခြေခံသော စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံ တည်ထောင် သွားမည်ဟု ရေးသား ဖော်ပြထားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဥက� ဌ ကိုသံခဲ က “မြန်မာနိုင်ငံရဲ့ အင်မတန်မှ အရေးကြီး အခြေအနေမှာ လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ တစုတဝေး စုစည်းပြီး အားပေး ထောက်ခံတယ်၊ ဒီနေ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို အပြည့်အဝ ထောက်ခံတယ် ဆိုတဲ့ ဒီ စစ်ရေး ဆုံးဖြတ်ချက်ဟာ အင်မတန်မှ အားရဖို့ ကောင်းတယ်။ ကျနော်တို့တွေက နိုင်ငံရေး ပြဿနာတွေကို ပေါင်းစုံဖြေရှင်းဖို့ ကြိုးစားနေတဲ့ အနေအထားအောက်မှာ အခုလိုမျိုး အနုနည်းတွေကို အကြမ်းဖက်တဲ့ နည်းတွေနဲ့ နအဖ စစ်အုပ်စုက တုံ့ပြန်နေတာကို ကမ္ဘာက မျက်ဝါးထင်ထင် တွေ့နေရတာကြောင့် လက်နက်ကိုင်ပြီး တော်လှန်ရတယ် ဆိုတဲ့ အဓိပ္ပာယ်ကလည်း ပိုပြီး တဖြေးဖြေး ပေါ်လွင်လာပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ၁ဝ၃ တပ်ရင်း တပ်ဖွဲ့ တခုသည် နအဖ တပ်တခုက နောက်တန်းသို့ ပြန်လည် ဆုတ်ခွါကာ လူထု လှုပ်ရှားမှုကို ဖြိုခွဲရန် သွားရောက်သည်ဟု ယူဆသဖြင့် ကရင်ပြည်နယ် ဖလူးရွာအနီး ကားလမ်းပေါ်တွင် ကြားဖြတ် တိုက်ခိုက်ခဲ့သဖြင့် နအဖ ဗိုလ်ကြီးတဦး အပါအဝင် တပ်ကြပ် တဦး၊ တပ်သား ၄ ဦး သေဆုံးခဲ့သည်။

Read More...

အောက်တိုဘာလ ၂ ရက်၊ ၂၀၀၇ ခုနှစ်။

မန္တလေးအခြေအနေ
(သံဃာတော်များ ပြန်ကြွပြီ၊ လုံခြုံရေး၊ လမ်းတချို့ ပြန်ဖွင့်၊ ကျောင်းတချို့ ပိတ်ပြီ)

မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီ (သတင်းရယူချိန်)
သံဃာတော်များ ပြန်ကြွပြီ

“ဒီနေ့က တော်တော်ငြိမ်သွားပြီ။ အခုဆို ကားဂိတ်တွေတိုင်းမှာ သံဃာတော်တွေ အပြည့်ပဲ။ ဟိုရက်တွေကဆို ပိုများတယ်။ သူတို့ကလည်း ဒီရက်တွင်းမှာ ကျောင်းရှိရင် ကျောင်းကိုပြန်၊ အိမ်ရှိရင် အိမ်ကို ပြန်ပေါ့ဗျာ၊ အကုန်လုံး ပြန်ကြရရှာပြီ။ မဟုတ်ရင်လည်းပဲ နိုင့်ထက်စီးနင်း ဝင်စီးတာတွေ ဖြစ်ရင် သွေးထွက်သံယိုတွေ ဖြစ်မှာဆိုတော့လေနော်။ အခုတော့ ခဏ၊ ယာယီပေါ့ဗျာ။ ဆိုတော့ ဘာဖြစ်လဲဆိုရင် နယ်မြို့တွေမှာ ဘာတွေဖြစ်လဲဆိုရင် ဓာတ်ပုံထဲ ပါတဲ့ဟာတွေ။ ဆန္ဒပြပွဲမှာ ဦးဆောင်တဲ့လူတွေကို တစိမ့်စိမ့် လိုက်ဆွဲနေတာပေါ့လေ။ အနည်းအကျဉ်းပေါ့နော်၊ အများကြီးတော့ မဟုတ်ပါဘူး”

လုံခြုံရေး

“လုံခြုံရေးက အခုဆိုရင် ပိုများလာတယ်။ ဥပမာဆိုရင် စည်ပင်သာယာ ရုံးနားတဝိုက်မှာ အရင်တုန်းကဆိုရင် မရှိခဲ့ဘူးလေ။ အခုဆိုရင် တွေ့ခဲ့တဲ့လူတွေ ပြောတာ မန္တလေး စည်ပင်သာယာရုံးရဲ့ ဘေးချင်း ကပ်ရက်က အမေရိကန် သံရုံးပိုင် နယ်မြေနားတဝိုက်မှာ ဆိုရင် အစောင့်တွေ တော်တော်များများ ချထားတယ်လို့ ပြောတယ်။ နောက် ဗထူးကွင်းလို နေရာမှာတွေလည်း အများကြီး ချထားတယ်လို့ ပြောတယ်။ တစုတစုကို မရှိပါဘူး ဆိုရင်လည်း အနည်းဆုံးတော့ ၃-၄-၅ဝ ရှိမှာပေါ့။ တမြို့လုံးနီးပါးကို ချထားတယ်။ အမျိုးမျိုးပေါ့ဗျာ။ သူတို့ တွက်ဆတာတွေကိုလည်း ကိုယ်က လက်လှမ်းမမှီပါဘူး။ အရှေ့ပြင် ဘက်ခြမ်းတွေကနေလည်း ထွက်လာတယ်၊ လူစုတယ်ဆိုရင် အဲဒီဘက်မှာ လက်နက်ကိုင်တဲ့ လုံခြုံရေးတွေ ချထားတယ်။ လုံခြုံရေးကတော့ တင်းတင်းကျပ်ကျပ်လေး ချထားတယ်”

လမ်းတချို့ပြန်ဖွင့်

“အရင်ရက်က ပိတ်ထားတဲ့ လမ်းတွေကိုတော့ ပြန်ဖွင့်လိုက်တာ ရှိတယ်။ အရင်တုန်းကဆို ၃၃ လမ်းတို့၊ ၃၄ လမ်းတို့ကို ပိတ်ထားတာ ရှိပေမယ့် အခုဆို ပြန်ပွင့်သွားပြီ။ ၃၅ လမ်းကိုတော့ ပိတ်ထားတုန်းပဲ။ ဘုန်းကြီးကျောင်းနား တဝိုက် စောင့်ကြည့်နေတာတွေတော့ အရင်အတိုင်းပဲ။ ဒါပေမဲ့ အရင်တုန်းကထက်စာရင် သက်တောင့်သက်သာ ရှိသွားပုံပဲ။ အေးအေးဆေးဆေးပဲ။ ဟတ်စ်ကီးတော့ တနေ့က အထိတော့ ဝဲတယ်။ မနေ့ကတော့ မကြားရတော့ဘူး”

ကျောင်းတချို့ ပိတ်ပြီ

“မနေ့က စကြားတာကတော့ ဂျီတီစီ (အစိုးရ နည်းပညာကောလိပ်) တလပိတ်တယ်လို့ ကြားတယ်။ မန္တလေးမြောက်ဘက် အိုးဘို ရွှေကျင်မှာ ရှိတဲ့ ကျောင်းလေ။ အဝေးသင်တွေလည်း ၆ လလောက် နောက်ဆုတ် လိုက်တယ်တဲ့”

နယူးဒေလီတွင် သံဃာနှင့် ကျောင်းသား စုပေါင်းဆန္ဒပြ
မြန်မာစံတော်ချိန် ၂ နာရီ (သတင်းရယူချိန်)

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီတွင် မြန်မာ ကျောင်းသားများနှင့် သံဃာတော်များမှ ပူးတွဲ ဦးဆောင်၍ အကြမ်းဖက် နအဖ စစ်အစိုးရကို ဆန့်ကျင် ရှုတ်ချသည့် ဆန္ဒပြပွဲ တရပ်ကို ယနေ့ ကျင်းပ ပြုလုပ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ အဖွဲ့ချုပ်နှင့် မဇ္ဈိမ ဒေသရောက် စာသင်သား မြန်မာ သံဃာတော် ၅၃ ပါးမှ ဦးဆောင် ကျင်းပသည့် အဆိုပါ ဆန္ဒပြပွဲသို့ ဘင်္ဂလားဒေ့ရှ်၊ တိဘက်၊ မွန်ဂိုလီးယားနှင့် အိန္ဒိယ နိုင်ငံသား သံဃာ အချို့လည်း ပါဝင် တက်ရောက် လာကြကာ စုပေါင်း၍ ပရိတ်ရွတ်ဖတ်ကြသည်။

ဆန္ဒပြပွဲသို့ မြန်မာ့ ဒီမိုကရေစီ အင်အားစုများမှ လူအင်အား ၂ဝဝ ကျော်လည်း ပါဝင် တက်ရောက်ကြောင်း သိရသည်။

ရန်ကုန်မြို့ အခြေအနေ
(ရှာဖွေရေး၊ ရွှေတိဂုံ၊ ပြာယာခတ်နေသူများ၊ လုံခြုံရေး၊ ငွေပေးရင် လွှတ်ပေးတယ်)

မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီ (သတင်းရယူချိန်)

ရှာဖွေရေး

“ဒီနေ့တော့ အားလုံးက ပုံမှန်ရှိနေပေမယ့် စစ်ဆေးမှုတွေက ရှိနေတုန်းပဲ။ ရဲရော၊ စစ်တပ်တွေတော့ ရှိသေးတယ်။ ဥပမာ လူတွေ အများဆုံး သွားနေတဲ့ နေရာဖြစ်တဲ့ ဆူးလေ၊ ဘတ်စ်ကားဂိတ်၊ လှည်းတန်း၊ မြေနီကုန်းတို့မှာ အရပ်ဝတ်နဲ့ သွားနေတဲ့ လူတွေကို စစ်ဆေးတယ်။ ပိုက်ဆံအိတ်ပါရင် ဖွင့်ကြည့်တယ်။ လွယ်အိတ်ပါရင် အိတ်ကို စစ်တယ်။ ကင်မရာပါရင် ကင်မရာကို ဖွင့်ကြည့်ပြီး ဓာတ်ပုံတွေ ဘာဖြစ်လို့ တင်ထားလဲ ဆိုပြီး ယူသွားတယ်။ သိမ်းလိုက်တယ်။ နောက် သူတို့ တခုခု မသင်္ကာစရာေ တွ့ရင် အဲဒီလူကို ဖမ်းသွားတယ်။

ဆူးလေ လေးဘက်လေးတန်မှာ ချထားတဲ့ သံဆူးကြိုးကို ဒီနေ့မနက် ပြန်သိမ်းလိုက်တယ်။ ဒါပေမဲ့ အနီးပတ်ဝန်းကျင်မှာ အင်အားကတော့ ၂၅ဝ ၊ ၃ဝဝ လောက်တော့ ရှိနေတယ်”

ရွှေတိဂုံ

“ရွှေတိဂုံဘက်မှာလည်း အနောက်ဘက်မုခ်မှာ ဝင်တဲ့ လူမရှိဘူး။ သူတို့ ၁၅ ယောက်လောက် စောင့်နေတယ်။ နောက် အာဇာနည်ကုန်း၊ ရွှေတိဂုံ မြောက်ဘက်မုခ်ဘက်မှာ ဆိုရင်တော့ စစ်ကား ၁၅ စီးလောက် ရှိတယ်။ စစ်သားတွေကတော့ အောက်ဆင်းတဲ့လူက ဆင်း၊ ကားပေါ်မှာ အိပ်နေတဲ့လူက အိပ်၊ ထိုင်နေတဲ့လူက ထိုင် ရှိနေကြတာတွေ့ရတယ်”

ပြာယာခတ်နေသူများ

“လှည့်နေတဲ့ကား ၃ စီးကလည်း ဥပမာ တောင်ဥက္ကလာဘက် ရှိတယ်ဆိုရင် အဲဒီဘက်ကိုသွား။ သာကေတဘက်ဆို သာကေတသွား။ လုံထိန်း၊ ရဲ၊ စွမ်းအားရှင် လှည့်နေတယ်လေ။ အင်အားက ၁ဝဝ လောက် ရှိမယ်”

လုံခြုံရေး

နောက်ပြီး ရန်ကုန် မြို့နယ်တိုင်းမှာ ရှိတဲ့ စာသင်တိုက်တိုင်းမှာလည်း လုံခြုံရေးတွေ ချထားတယ်။ ငွေကြာရံ ကျောင်းတိုက်မှာတော့ စစ်ကား ၃ စီး၊ ဒိုင်နာကား ၂ စီး ရှိတယ်။ အထဲမှာလည်း စစ်သား၊ ရဲ စောင့်နေကြတုန်းပဲ။

ငွေပေးရင် လွှတ်ပေးတယ်

“အခု ဆန္ဒပြပွဲမှာ မပါဝင်ဘဲနဲ့ လမ်းပေါ်ကနေ ဖမ်းဆီး ခံထားရတဲ့ လူတွေကို နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တွေ မေးပြီး အဲဒီ လူတွေရဲ့ အိမ်ကို ဖုန်းဆက်ပြီး မင်းတို့အိမ်က မောင် ဘယ်သူ၊ မ ဘယ်သူ၊ ဖမ်းဆီးထားတယ်၊ ပိုက်ဆံ ၂ သိန်းနဲ့ အာမခံပြီး လာခေါ်ပါ” ဟု သွားရောက် ထုတ်ယူခဲ့ရသူ တဦးက ပြောသည်။

မဇ္ဈိမ သတင်းဌာန

Read More...

Read More...

Read More...

သေဆုံးသွားသောဘုန်းကြီးရုပ်အလောင်း

Read More...

သေဆုံးသွားသောဘုန်းကြီးရုပ်အလောင်း

Read More...

မီဒီယာကျည်

ညိုထက် (လမ်းသစ်ဦး)

ကျနော်တို့ဘာကြောင့် မီဒီယာလုပ်ငန်းတွေလုပ်နေကြသလဲ။ အနေအထားက ထိုနေရာမှ ပြန်စဉ်းစား ကြရမည် ထင်သည်။
ပြည်ပရောက်မီဒီယာသမားများ အားလုံးနီးပါးတွင် နိုင်ငံရေးနောက်ခံ အနည်းနှင့်အများ ရှိကြသည်ချည်းဖြစ်သည်။ နိုင်ငံရေး နောက်ခံဆိုသည်မှာလည်း အဆက်ဆက်သော စစ်အုပ်စုကို ဆန့်ကျင်ခဲ့သည့် နိုင်ငံရေးနောက်ခံ ဖြစ်သည်မှာ အထူးပြောစရာလိုမည် မထင်ပါ။ မီဒီင်္ယာသမားတယောက်ဆိုလျင် ၇၀ စုနှစ် နိုင်ငံရေး လှိုင်းတံပိုး တိုက်ပွဲတခုတွင် ထောင်တန်းကျဖူးသူ။ ထောင်ထွက်လျင် လက်နက်ကိုင်တော်လှန်ရေးလုပ်ရန် သစ္စာပြုဖူး သော်လည်း တောမခိုနိုင်သဖြင့် မီဒီယာသမားအဖြစ် ရွေးချယ်ခဲ့ရပါသည်ဟု မီဒီယာကွန်ဖရင့်တခုတွင် လူသိ ရှင်ကြားပြောဖူးသည်။ လူတဦးချင်း၏ စွန့်လွှတ်နိုင်မှု အနည်းအများအပေါ်မူတည်သည့် ရွေးချယ်မှုပင် ဖြစ်သည်။ မွေးရာပါအခွင့်အရေးလည်း ဖြစ်သည်။ ပြဿနာမရှိ။ ပြဿနာက တာဝန်ယူမှုအပိုင်း။

ဗမာပြည်တွင် ဖိနှိပ်သူနှင့် အဖိနှိပ်ခံတို့ ရာစုနှစ်တ၀က်မက ပြင်းထန်သည်းသန်စွာတိုက်ပွဲဝင်နေကြသည်။ ပြောရမည်ဆိုလျင် ပြည်ပရောက်မီဒီယာသမားများ တွင်ကျယ်နေရသည်မှာလည်း ထိုတိုက်ပွဲ၏ ကျွဲကူးရေပါ ကိစ္စပင်ဖြစ်သည်။ ဗမာပြည်၏တိုက်ပွဲများ သည်းသန်ပြင်းထန်မှုမရှိပဲ ပြည်ပရောက်မီဒီယာများနှင့် ပြည်ပရောက် မီဒီယာသမားဟူ၍ အခိုင်အမာပေါ်လာဖွယ်မရှိ။ ဘီဘီစီသည်ပင် ၈၈ အရေးတော်ပုံကြီးအတွင်း တော်လှန်သည့် လူထုတိုက်ပွဲဘတ်မှ ရပ်တည်ခဲ့သည့်အတွက် သာမန်နိုင်ငံခြားအသံလွှင့်ဌာနမှ ဗမာလူထု လှည်းနေလှေအောင်း။ မြင်းဇောင်းမကျန် လူသိများအ၏ကိက်တွေ့ရသည့် မီဒီယာဖြစ်လာခဲ့သည်မှာ တကဲ့ဖြစ်ရပ်ပင်ဖြစ်သည်။ ရပ်တည်ချက်ပျက်ယွင်းလျင် လူထုက လက်ခံနားထောင်နေမည်ဟုမထင်။ စစ်အုပ်စု၏ မီဒီယာအားလုံး လူ၏ကိက်နည်းပြီး ဖတ်သူ။ ကြည့်သူ။ နားထောင်သူ မရှိသလောက်ဖြစ်နေခြင်းနှင့် နှိုင်းယှဉ်ကြည့်ရန်ဖြစ်သည်။

အားလုံးသိပြီးသော်လည်း လိုအပ်လာသဖြင့် အနည်းငယ်ထည့်သွင်းပြောရမည့် သဘာဝတရားတခုကို တင်ပြပါမည်။ ဖိနှိပ်သူ တို့၏ ဖိနှိပ်ရေးယနျွှရားများတွင် မီဒီယာမျိုးစုံသည်လည်း တခုအပါအ၀င်ဖြစ်သည်။ လက်နက်ကိုင်တပ်များဖြင့် ရက်စက်ကြမ်းညကတ်စွာ ဖိနှိပ်သည်။ မီဒီယာမျိုးစုံဖြင့် မှိုင်းတိုက်သည်။ အဖိနှိပ်ခံ လူထုတရပ်လုံး စိတ်ဓာတ်ဗုန်းဗုန်းလဲအောင်လုပ်သည်။ ဖိနှိပ်သူတို့အား ဆန့်ကျင်တော်လှန်သူအားလုံးကို အားနည်းချက်ရှာ၍ လူသိရှင်ကြား ဖွင့်ထုတ်တိုက်ခိုက်သည်။ ထိုသို့ဖြင့် ဖိနှိပ်သူတို့၏ ပြောလိုရာများ လှိုင်လှိုင် ညံနေခဲ့ပြီး အဖိနှိပ်ခံတော်လှန်သူများ ပြောလိုသည်တို့ တိတ်ဆိတ်ခဲ့ရတော့သည်။ ထိုသို့ဖြင့် ဖိနှိပ်သူတို့အား ဆန့်ကျင်ခဲ့ကြသူတချို့ မီဒီယာသမားများဖြစ်ခဲ့ရသည်။ ကျနော်ထိုသို့ပင် ယုံကြည်သည်။
မည်သည့်လူတန်းစား။ မည်သည့်လူမှုအစုအဖွဲ့။ မည်သည့်လူမှုအုပ်စုမဆို ၎င်းတို့ စည်းရုံးရေးလုပ်ငန်းစဉ်အတွက် မီဒီယာများ လိုသည်ပင်ဖြစ်သည်။ အနိုမ့်ဆုံး စီးပွားရေးလုပ်ငန်းအစုအဖွဲ့သည်ပင် မီဒီယာလိုသည်ပင်။

ဒေါင်းအိုးဝေစာစောင်က ကျောင်းသားလက်နက်ကိုင်တော်လှန်ရေးအကြောင်းပြောရင်း လူထု၏အဖိနှိပ်ခံရမှုကို ပြောမည်။ ချိုးလင်းပြာစာစောင်က အမျိုးသမီးများအကြောင်း ပြောမည်။ ဥပဒေရေးရာစာစောင်က ဥပဒေ အကြောင်းပြောရင်း စစ်အုပ်စု၏ ဥပဒေရေးရာအမှားများနှင့် လူထု၏ ဥပဒေရေးအရ အစော်ကားခံရမှုများကို ပြောမည်။ နိုင်တင်ဂေးစာစောင်က ကျန်းမာရေးဆိုင်ရာ အကြောင်းများပြောရင်း လူထုကျန်းမာရေးဆိုင်ရာ ချို့တဲ့မှုအကြောင်းကို ပြောမည်။ ရွှေခမောက်မှတ်တမ်းလွှာက အန်အယ်လ်ဒီ၏ လုပ်ငန်းဆိုင်ရာများကို ထုတ်ပြန်မည်။ ထိုသို့ဆိုင်ရာအကြောင်းများပြောရင်း။ ရေးရင်း။ သတင်းထုတ်ပြန်ရင်းဖြင့် ၀ါဒဖြန့်စည်းရုံးကြသည် ချည်း ဖြစ်သည်။ ကမ္ဘာကျော် တိုင်းမဂ္ဂဇင်းသည်ပင် အီရတ်နိုင်ငံကို အမေရိကန်တပ်က ၀င်ရောက်ကျူးကျော် တိုက်ခိုက်သည့် ၂၀၀၄ ခုနှစ်၏ Man of the year အဖြစ် အမေရိကန်တပ်သားတဦးဟု ထုတ်ပြန်ခဲ့သည်။ တိုင်းမဂ္ဂဇင်းသည်လည်း ဆိုင်ရာကိစ္စအတွက် ၀ါဒဖြန့် စည်းရုံးပေးခြင်းသာလျင်ဖြစ်သည်။ ကန့်ကွက်စရာမရှိ။ ရပ်တည်ချက်ကို ဆန်းစစ်ရန်သာ ရှိသည်။

လူထုဘတ်မှရပ်ခံမည့် မီဒီယာများမရှိလျင် ဖိနှိပ်သူတို့ ပြောလိုရာပြောနေသည်ကို မှန်ရာမှန်ကြောင်း ကြောင်းကျိုးသင့် ပြန်လည်ခုခံနိုင်ခွင့် လုံးဝပျောက်ဆုံးသွားမည်။ လူထုသည် အသံတိတ်နေရသည့် အကြွင်းမဲ့ အဖိအနှိပ်ခံများ သက်သက်ဘ၀သို့ လုံးဝထိုးကျ သွားမည်။ ဖိနှိပ်သူတို့၏ စော်ကားမှုမှန်သမျှကို ထာဝရ နာခံ ရမည့် လူအန္ဓများဖြစ်သွားပေမည်။ အဖိနှိပ်ခံတို့၏ အမှောင်ခေတ်သို့ သက်ဆင်းကျရောက် သွားရပေမည်။
မီဒီယာလုပ်ငန်းမရှိပဲ ကျယ်ပြန့်သော လူထုလုပ်ငန်းမရှိနိုင်။ ကျယ်ပြန့်သည့် လူထုအား တစုတစည်းတည်းသော အတွေးအခေါ် ပေးပို့နိုင်သည့်နေရာသည် မီဒီယာများသာလျင်ဖြစ်သည်။ ပြည်သူအတွင်း ညီညွတ်ရေးကို အားကောင်းမောင်းသန် တည်ဆောက်နိုင်သည့်နေရာသည် မီဒီယာများသာလျင်ဖြစ်သည်။ အဖိနှိပ်ခံ လူမျိုးစုံပြည်သူအတွင်း အချယ်အလှယ်မခံရေး အတွေးအခေါ် စိတ်ဓာတ်ကို ကျယ်ကျယ်ပြန့်ပြန့်ပေးပို့နိုင်သည့် နေရာသည် မီဒီယာများဖြစ်သည်။ ထို့အတူ တွန်းလှန်တိုက်ပွဲဝင်ရေး အတွေးအခေါ် ရဲရဲရင့်ရင့် တင်ပြနိုင်သော နေရာသည်လည်း မီဒီယာများပင် ဖြစ်သည်။ လူမျိုးစုံပြည်သူတို့ တညီတည်းသော တော်လှန်တိုက်ပွဲဝင်ရေးကို အချိန်းအချက်ပြုပေးနိုင်ခဲ့သည်မှာလည်း မီဒီယာများပင်ဖြစ်သည်။

ထို့အပြင် မီဒီယာများ၏သဘာဝအရ တဦးတယောက်ခြင်းသဘောမဆောင်။ စာစောင်မီဒီယာပင် ဖြစ်စေ။ ရုပ်သံမီဒီယာပင် ဖြစ်စေ။ အသံလွှင့်မီဒီယာပင် ဖြစ်စေ။ နည်းပညာမီဒီယာ (Online Media) ပင် ဖြစ်စေ စုပေါင်း လုပ်ဆောင်ရသည့် သဘောဖြစ်သည်။ ထို့ကြောင့်ပင် မီဒီယာတို့၏ စည်းရုံးရေးအဆင့်အတန်းသည် စုပေါင်းသဘောဆောင်သည်။ မီဒီယာတို့သည် စုပေါင်းဝါဒဖြန့်ချီရေးမှူး။ စုပေါင်း လှုံဆော်ရေးမှူးနှင့် စုပေါင်း စည်းရုံးရေးမှူးပင်ဖြစ်သည်။ တိုက်ပွဲဝင် အားလည်းဖြစ်သည်။
“ဓားသွားထက်။ ကလောင်သွားထက်သည်” ဟူ၍ပင်ပြောလေ့ရှိကြသည်။ ကျနော်တို့ကြားမှာတော့ “မီဒီယာကျည်” ဟု ခေါ်ကြသည်။

ညိုထက် (လမ်းသစ်ဦး)

Read More...

Read More...

Monday, October 1, 2007

today news(30,sep,2007)

Monday, October 1, 2007

နိုင်ဝင်ဘာလ ၁ ရက် ၂၀၀၇ ခုနှစ်
မြန်မာစံတော်ချိန် ၃ နာရီ

အခု နေ့ လည် ၁ နာရီခွဲ မှာ အင်းစိန်ဖက်မှသမိုင်းလမ်းဆုံသို့  လည်း ၂၀၀၀ချီတက်လာနေသည်။

ဆုံဆည်းရာ

အပြည့်အစုံသို့...

ပြန်ခေါက်ထားပါ...

Posted by soneseeyar at 1:55 AM 0 comments

Labels: သတင်း

အောက်တိုဘာလ ၁ ရက်၊ ၂၀၀၇ ခုနှစ်

စိုးဝင်း မြန်မာပြည်ပြန်၊ ရန်ကုန်တိုင်း စစ်တိုင်းမှူး ရာထူးမှ ဖယ်ရှားခံရ

လပေါင်းများစွာ ဆေးရုံတက် ကုသနေရသော ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းသည် ယနေ့ ညနေ့တွင် မြန်ာနိုင်ငံသို့ ပြန်တော့မှာ ဖြစ်ကြောင်း သတင်း ရပ်ကွက်များအရ သိရသည်။

ဗိုလ်ချုပ်စိုးဝင်း လိုက်ပါသည့် အထူး လေယာဉ်သည် ရန်ကုန်သို့ ညနေ ၅ နာရီခန့်တွင် ရောက်ရှိမှာ ဖြစ်သည်ဟု သိရသည်။

“သူ့အခြေအနေကတော့ မကောင်းဘူး။ သေမှာပဲ။ မင်္ဂလာဒုံ စစ်ဆေးရုံမှာ နေရလိမ့်မယ်။” ဟု စစ်ဖက်နှင့် နီးစပ်သူ သတင်းရပ်ကွက်က ပြောသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သစ္စာခံဖြစ်ပြီး ၂ဝဝ၃ ခုနှစ် ဒီပဲယင်း လူသတ်ပွဲတွင် ကွပ်ကဲခဲ့သူ သေဆုံးလျှင် အတွင်းရေးမှူး (၁) ဗိုလ်ချုပ် သိန်းစိန်ကို အစားထိုး ခန့်အပ်မည်ဟု ပြောသည်။

“စိုးဝင်းသေရင် သိန်းစိန်ကို အစားထိုးမယ်။ သိန်းစိန် နေရာကို တင်အောင်မြင့်ဦးကို ပေးလိုက်မယ်” ဟု ပြောသည်။

ထိုစဉ်မှာပင် သဘောထား ပျော့ပြောင်းသည်ဟု အတိုက်အခံများ အကြား ကျော်ကြားသည့် ရန်ကုန် စစ်တိုင်းမှူး ဗိုလ်ချုပ် လှဌေးဝင်း ကို စစ်အစိုးရက ယနေ့ ဖြုတ်ထုတ်လိုက်ပြီ ဖြစ်ကြောင်း စစ်ဘက် သတင်းရပ်ကွက် တခုက ပြောသည်။

မည်သည့် အတွက်ကြောင့် ဖြုတ်လိုက်သည်ကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း စက်တင်ဘာ ၂၇ ရက်နေ့က ရန်ကုန်မြို့ ဆန္ဒပြ သတင်းယူသူ ဂျပန် သတင်းထောက် သေဆုံးခြင်းတွင် တာဝန်ရှိသည်ဟု ဆိုကာ ဖြုတ်ထုတ်လိုက်ခြင်း ဖြစ်သည်ဟု နအဖ ခေါင်းဆောင်က အကြောင်းပြထားသည်ဟု ဆိုသည်။

ဂျပန်သတင်းထောက် Kenji Nagai ကို ရန်ကုန်မြို့တွင် ဆန္ဒပြသူများ လိုက်လံ ဖြိုခွင်းနေသော မြန်မာ စစ်သား တယောက်က အနီးကပ် သေနတ်ဖြင့် ပစ်လိုက်သည့်ဟန်ကို ဂျပန် ရုပ်မြင်သံကြား သတင်းများတွင် တွေ့ခဲ့ရသည်။

သို့သော်လည်း အတိုက်အခံများအတွင်း သိထားသည်မှာ ဗိုလ်ချုပ် လှဌေးဝင်းသည် ဆန္ဒပြသူများကို ပစ်ခတ်လိုခြင်း မရှိသော တိုင်းမှူးများ အနက် တဦးအပါအဝင် ဖြစ်ပြီး နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ပစ်မိန့်ကို လိုက်နာရန် ရှောင်လွှဲခဲ့သည်ဟု ဆိုသည်။

ထိုသတင်းသာ မှန်ကန်ပါက နအဖ စစ်အုပ်စုအတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် သူ၏ သစ္စာခံ ရက်စက် ခေါင်းမာသူများ ပိုမို ကြီးစိုးလာခြင်း ဖြစ်သည်။

မန္တလေးအခြေအနေ
မြန်မာစံတော်ချိန် ၁၂းဝဝ (သတင်းရယူချိန်)

ယမန်နေ့က ကျောင်းသား လှုပ်ရှားမှု တခု ပြုလုပ်ခဲ့သည့် မန္တလေးတွင် လူစုဝေးမှုများ တွေ့နေရရာ ယခင်နေ့များကအတိုင်း ၂ နာရီခန့်တွင် စတင်လုပ်မည်ဟု ခန့်မှန်း ပြောဆိုနေကြသည်။

လုံခြုံရေးများကတော့ ၇၈ လမ်းပတ်လည်တွင် ယနေ့ ပိုချထားပြီး ဒီ ၃၅ လမ်း၊ ၃၄ လမ်းတို့တွင်တော့ ပုံမှန် အနေအထား ဖြစ်သည်။

ကြံ့ဖွံ့နှင့် စွမ်းအားရှင်များကို တရက် ၃ ထောင်ပေးကာ လူစုဆောင်း နေကြပြန်သည်။

“ချမ်းအေးသာစံ ရပ်ကွက် ဈေးဝင်ရဲ့ အနောက်ရပ်ကွက်က ဆင်ခြေဖုံးမှာ ရှိတဲ့ ဒီလူတွေကို လိုက်ပြီးတော့ ညက လိုက်ခေါ်တယ်။ တရက်ကို သုံးထောင်ပေးမယ် လုံခြုံရေးအတွက် ဆိုပြီးတော့ ခေါ်ပါတယ်။ လှုပ်ရှားမှုတွေ လုပ်တဲ့အခါမှာ သူတို့ အဲဒီ လူတွေနဲ့ အရင် ထိပ်တိုက် ဖြေရှင်းခိုင်းပြီးတော့ နှိမ်နင်းဖို့အတွက် အဲဒီလိုမျိုး ကျနော်တို့ ယူဆရပါတယ်။” ဟု မန္တလေးသား တဦးက ပြောသည်။

ဘုန်းကြီးကျောင်းများပတ်လည် လုံခြုံရေးတိုးချထားပြီး တချို့ကျောင်းများတွင် ဒါဇင်ပေါင်းများစွာသော လက်နက်ကိုင်များ စောင့်ဆိုင်းနေသည်။

ယမန်နေ့မှစ၍ တပ်မ ၁၁ မြို့တွင်း ရောက်လာသည်ဟု ဒေသခံများ အပြောအရ သိရသည်။

ယခုအခါ တပ်မ ၃၃၊ တပ်မ ၁၁ နှင့် ရဲတို့ ရှိနေသည်။

တောင်တွင်းကြီးတွင် ညီလာခံ ထောက်ခံပွဲ လုပ်ရန် နအဖကြိုးပမ်းနေ
မြန်မာစံတော်ချိန် ၁၁း၁၀ (သတင်းလွှင့်တင်ချိန်)

“အခုက ရယကရုံးကနေပြီးတော့ ကြံ့ဖွတ်တွေကို ရုံးကို အစည်းအဝေး ခေါ်လိုက်တယ်။ နောက် ကြံ့ဖွတ်နဲ့ ရယက အဖွဲ့တွေက ရပ်ကွက်ထဲမှာ တအိမ်တက်၊ တအိမ်ဆင်း လိုက်ပြောနေကြတယ်လေ။ တက်ရင်တော့ ၃ ထောင်ပေးမယ်၊ မလိုက်ရင် လူတွေက ၁သောင်း ပေးရမယ်။” ဟု တောင်တွင်းကြီး ဒေသခံ တဦးက ပြောသည်။
“သူတို့ ည ၈ နာရီလောက်မှာ အစည်းအဝေး လုပ်ပြီးတော့ ဒီနေ့ လိုက်ပြောနေတာပေါ့နော်။ ပြည်သူတွေကတော့ မတက်ချင်ကြဘူးလေ။ အခုဟာက ကြံ့ဖွတ်နဲ့ ဝန်ထမ်း အင်အားပြမယ် ထင်တယ်။ သူတို့ အင်အားပြပြီး လူထုကို မျက်နှာဖုံးစွတ် လုပ်မှာပေါ့နော်။ မနက်ဖြန် မနက်ပိုင်းလား မသိဘူး။ အချိန်ကိုတော့ အတိအကျ မသိသေးဘူး။ အမျိုးသား ညီလာခံ ရဲ့ ဖွဲ့စည်းပုံ ဥပဒေကို လူထု ထောက်ခံပွဲ လုပ်မယ် ပေါ့နော်။” ဟု သူက ထပ်ပြောသည်။

ရန်ကုန်မြို့လယ် လုံခြုံရေးလျော့၊ လမ်းဆုံ လမ်းခွများမှာ တိုး
မြန်မာစံတော်ချိန် ၁၁း၀၀ (သတင်းလွှင့်တင်ချိန်)

ရန်ကုန်မြို့အတွင်း လုံခြုံရေးများ တိုးချဲ့ ချထားပြန်ရာ မီးပွိုင့်တိုင်း လိုလိုမှာပင် ရှိနေသည်။ ကားလမ်းများ ပြန်လည် ပွင့်နေပြီး လမ်းဆုံ လမ်းခွများတွင် စစ်တပ်နှင့် လုံထိန်း ရောထွေး ချထားသည်။ စစ်ကားများကလည်း မြို့တွင်း လှည့်လည်နေသည်။

“ပြည်သူတွေကတော့ မြို့ထဲမှာ ၃ ယောက် ၄ယောက်တတွဲ သွားနေကြတယ်။ ပြည်သူတွေကတော့ ဒီနေ့ရော ရအောင် မြို့ထဲမှာ လုပ်မယ်ဆိုပြီး ဆုံးဖြတ်ထားတယ်လို့ အများက ပြောနေကြတယ်။ အချိန်ကို စောင့်ရမှာပေါ့နော်။ ဘယ်အချိန်မှာ ဘယ်နေရာမှာ ပေးမလဲ။ ဘယ်မှာ ပွင့်မလဲပေါ့နော်၊ ပွင့်တဲ့ နေရာကနေ စလုပ်မယ်ကြမယ်တဲ့။” ဟု ဒေသခံတဦးက ပြောသည်။

“အဓိက ပိုတိုးချတာကတော့ စွမ်းအားရှင်တွေပေါ့နော်၊ သူတို့က အရမ်းသိသာတယ်။ မြို့ထဲကို လမ်းကြော မကျွမ်းတဲ့ သူတွေပေါ့နော်။ စုတ်စုတ်ပြတ်ပြတ် တချို့ဆိုရင် ဖိနပ်တောင် မစီးထားဘူး လမ်းလျောက်နေတယ်။” သူက ဆက်ပြောသည်။

သို့သော် မြို့လယ်တွင် ယခင်နေ့များထက် စာလျှင် လုံခြုံရေး လျော့နည်းသွားသည်။ ဆူးလေ တဝိုက်တွင်သာ လေးဘက် လေးရံ သံဆူးကြိုးများ ချထားပြီး လုံခြုံရေးများ ရှိနေသည်။

မဇ္ဈိမ သတင်းဌာန

Read More...

30,sep,2007

Read More...

30,sep,2007

Read More...

30,sep,2007

Read More...

30,sep,2007

Read More...

30,sep,2007

Read More...

30,sep,2007

Read More...