Thursday, October 4, 2007
NEJ-ပီတာအောင်/ ၄ အောက်တိုဘာ ၂၀၀၇
နအဖစစ်တပ်၏ပစ်ခတ်သတ်ဖြတ်မှုကြောင့် သပိတ်တိုက်ပွဲအတွင်း ကျဆုံးသွားသည့် ရဟန်းရှင်လူ များအတွက် ရည်စူး၍ ရန်ကုန်မြို့လူစည်ကားရာနေရာ (၄) ခု၌ ၈၈မျိုးဆက်ကျောင်းသားများနှင့် မျိုးဆက်သစ်ကျောင်းသားများက ယနေ့နေ့လယ်က လွမ်းသူပန်းစည်းများ ချခဲ့ကြောင်းသိရသည်။
ဗိုလ်ချုပ်ဈေး၊ တာမွေဈေးရှေ့ ကားမှတ်တိုင်၊ ယုဇနပလာဇာနှင့် ယောခ်လမ်းရှိ ရိုင်ရယ်ပတ်ဗျူး ဟိုတယ်ရှေ့တို့၌ ပန်းစည်းများ သွားရောက်ချခြင်းဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသူတဦးက ပြောသည်။
၎င်းက “ပန်းစည်းတွေချတယ်၊ စာလည်းပါပါတယ်။ ကျဆုံးသွားသော ရဟန်းအာဇာနည်များ၊
ပြည်သူ့အာဇာနည်များ၊ ကျောင်းသားအာဇာနည်များအတွက် ၈၈ မျိုးဆက်ကျောင်းသားများ၏ လွမ်းသူ့ပန်းစည်းဆိုပြီး ရေးထားတယ်၊ စစ်အာဏာရှင်စနစ်ကျဆုံးရမည် ဆိုတာကိုလည်း ကျမတို့ရေးထားတယ်၊ အ၀ါရောင်စာရွက်ပေါ်မှာ ရေးထားတယ်” ဟု ပြောသည်။
ယမန်နေ့ကလည်း ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် မြေပဒေသာကျွန်းအနီး၌ ပန်းစည်းများ
သွားရောက်ချခဲ့ကြောင်း သိရသည်။
သံဃာတော်များနှင့်လူထု၏ တောင်းဆိုချက်များ မရမချင်း ရဟန်းရှင်လူအားလုံးပါဝင်သည့် လူထုလှုပ်ရှားမှုကြီး ပေါ်ပေါက်လာစေရန် ဆက်လက်အရှိန်မြှင့် လုပ်ဆောင်သွားမည်ဟု ၈၈ မျိုးဆက်ကျောင်းသားများ ကပြောသည်။
ယခင်လသပိတ်တိုက်ပွဲအတွင်း ရဟန်းရှင်လူရာနှင့်ချီ၍ သေဆုံးဖွယ်ရှိကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူများက ခန့်မှန်းထားပြီး နအဖစစ်အစိုးရက (၁၀) ဦးသေဆုံးကြောင်း
တရားဝင် သတင်းထုတ်ပြန်ထားသည်။
Friday, October 5, 2007
စက်တင်ဘာသပိတ်တိုက်ပွဲအတွင်း ကျဆုံးသွားသူများအတွက် လွမ်းသူပန်းစည်းများချ
entry-content'>
Posted by
လူထဲကလူ
at
9:06 PM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment